သဘက်ကြီး၏ရှိုက်သံ
(စ/ဆုံး)
(1)
----------------°°°°°°°°°°°°°°--------------------
အချိန်ကား နေဝင်ရီတရော နွားရိုင်းသွင်းချိန်ဖြစ်ပြီး နေ၏အလင်းရောင် လုံးဝပျောက်ကွယ်သွားရန်သိပ်မလိုတော့သောအချိန်......
ကောင်းကင်၌ကြယ်စုကြယ်ဝေးလေးများ ထွက်ပေါ်လာပြီးသော် လမင်းကြီးမှာလဲသူ့အချိန်အခါသို့ကျရောက်ပြီမို့အစွမ်းကုန်ထိန်လင်းဖို့တာဆူနေသည့်သကာလ, ရွာဝင်လှည်းလမ်းကြောင်းအတိုင်း ချူသံတလွင်လွင်ဖြင့်လှုပ်လီလှုပ်လဲ့ပြေးလာနေသော နွားလှည်းတစ်စီး.....
ထိုနွားလှည်းလေးမှာ တစ်ခုသော
ကုက္ကိုပင်ကြီးအောက်သို့အရောက်,
'ဟဲ့ နွား, ဟဲ့ ငညိုနဲ့တိမ်ပြာ, ဟဲ့
ပြေးစမ်းပါဟ ကောင်တွေရ,
တယ်လေ, ပေကပ်ကပ်နဲ့.ကဲဟာ.'
နွားနှစ်ကောင်မှာထို ကုက္ကိုပင်ကြီးအောက်သို့အရောက်တုံ့ကနဲ ရပ်နေကြပြီး ကြိမ်ဒဏ်'တရွှမ်းရွှမ်း'အားပေခံရင်းထူးဆန်းစွာဖြင့်တုပ်တုပ်မျှမလှုပ်ပဲရပ်နေကြတော့သည်။
လှည်းပေါ်ပါလာသူလူလတ်ပိုင်း
အမ်ျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်
ဦးအနက် အမျိုးသားဖြစ်သူမှ နွားလှည်းမောင်းသူအား.....
' ကိုစိန်မြင့်, ဘာဖြစ်တာလဲဗျ '
' မသိဘူး အကိုလေးရေ, ဒီကောင်
တွေဒီနားရောက်မှ ပေကပ်ကပ်
နဲ့, ဒီနားအရှည်ကောင်(မြွေ)
တွေဘာတွေများတွေ့လို့လား,
နို့ ဝင်ရိုးများတစ်ခုခုညပ်နေသ
လားပဲ, ကျုပ်ဆင်းကြည့်ဦးမယ်
ဓာတ်မီးခဏပေးပါဦးဗျို့, အကိုေ
လးနဲ့ဆရာမလေး လှည်းပေါ်မှာ
ပဲထိုင်နေကြနော့, အောက်ဆင်းမလာကြနဲ့, မြွေပါးကင်းပါး
နဲ့ရယ်...'
' ကောင်းပြီဗျ, ရော့ ရော့
ဓာတ်မီး, ကိုစိန်မြင့် လဲဂရုစိုက်ဦး '
လှည်မောင်းသူ'ကိုစိန်မြင့်'တစ်ယောက် ဓာတ်မီးတစ်ကားကားဖြင့်လှည်းအောက်ပိုင်းနဲ့ လှည်းအနီးဝန်းကျင်အနှံ့ချုံပုတ်များထိအောင်
လိုက်လံကြည့်ရှုစစ်ဆေးပြီးသော် လှည်းပေါ်သို့ကျွမ်းကျင်စွာဖြင့်'စွေ့ကနဲ'ခုန်တက်ကာ....
' မသင်္ကာစရာတော့ဘာမှမတွေ့
ဘူးရယ်, ဓာတ်မီးပြန်ယူထား အကို
လေး, ရော့ '
ထိုသို့ပြောပြီး နွားဖားကြိုး
အားခပ်တင်းတင်းဆုပ်လျှက် ထပ်ကြိုးစားကြည့်ရာ,
' တောက်, ဒီလောက်တောင်ဖြစ်
တဲ့ကောင်တွေ, မိုးချုပ်နေမှထ
ဖောက်ရတယ်လို့, ကဲဟာ ကဲဟာ '
နွားများပေကပ်နေသေးသဖြင့်
ဒေါသူပုန်ထကာ မြည်တွန်တောက်တီးလျှက် ထိုခဏ ထိုဝန်းကျင်၌
ကြိမ်သံ တရွှမ်းရွှမ်း နွားသံ
တညံညံဖြင့်ဆူညံပွက်လောရိုက်နေတော့၏။
ထိုမြင်ကွင်းအား သေချာငြုံ်ကြည့်နေသူမှာ နွားလှည်းအပေါ်တည့်တည့် ကုက္ကိုပင်ကြီး၏သစ်ကိုင်းကြီးတစ်ခုအားတွဲလောင်းခိုနေသော တစ်ကိုယ်လုံးအမွှေးအမျှင်များဖုံးလွှမ်းကာမဲနက်နေသည့် သဘက်ကြီးတစ်ကောင်ပင်ဖြစ်သည်။သို့သော် သဘက်ကြီး၏ ရေနွေးပန်ကန်လုံးခန့်ရှိကြီးမားနီရဲတောက်ပနေသောမျက်လုံးကြီးများ၏အကြည့်က နွားများအားဒေါသတကြီးရိုက်နေသော စိန်မြင့် ဆိုသူထံသို့မဟုတ်ပဲ လှည်းပေါ်၌တစ်ချိန်လုံးငြိမ်သက်စွာလိုက်ပါလာခဲ့သော 'ဆုနွယ်အေး'ဆိုသည့် ဆရာမလေးဆီသို့ဖြစ်တော့သည်။
ကြည့်နေရင်းပါးစပ်မှနေ၍လဲ
အမှုမဲ့ အမှတ်မဲ့ 'ကြည်' ဟုတိုးတိတ်စွာခေါ်လိုက်မိလေရာ......
' ဂီးးးးးးးးးး '
ယခုတစ်ခေါက်ငြိမ်သက်သွားသူကား ကြိမ်တစ်ချောင်းဖြင့်နွားများအားရိုက်နှက်အော်ဟစ်နေသူ 'ကိုစိန်မြင့် '။မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပတ်ဝန်းကျင်အားတောင်ကြည့်မြောက်ကြည့်အကဲခတ်နေရင်း,
' အကိုလေး, အကိုလေး ကြားလို
က်လား, အကိုလေးတို့ကောကြားလိုက်ကြလားဟင် '
' ကြားတယ် ကိုစိန်မြင့်, လာဗျာ
နွားလှည်းကိုဒီမှာပဲထားခဲ့ကြရ
အောင်, အိမ်ရောက်ဖို့လဲသိပ်မှမ
လိုတော့ဘဲ, ဒီမှာသိပ်ကြာကြာ
နေလို့မကောင်းဘူး, ကျွန်တော
ဒီနေရာကြီးကိုစိတ်ထဲမသန့်ဘူး,
နွယ်လေးလဲကြောက်နေပြီ,
လမ်းလျှောက်သွားကြစို့ '
အသီးသီးလှည်းပေါ်ကဆင်းလျှက်
လမ်းလျှောက်သွားကြမည်အပြု,
နောက်ဆုံးဖြစ်သူ ဆရာမလေး
'ဆုနွယ်အေး'အားလှည်းပေါ်မှချ
ပြီးသည့်အချိန်၌,
' ဝုန်း '
' ဂီး.... ဂီး... ဂီး... '
သူတို့နံဘေးရှိ ချုံပုတ်သို့ ကုက္ကိုပင်ပေါ်မှ အကောင်ကြီးတစ်ကောင်ခုန်ချလိုက်သည်ကို 'ရိပ်ကနဲ'မြင်လိုက်ရပြီး ထိုဆီမှထပ်မံထွက်ပေါ်လာသော 'တဂီးဂီး' အသံကြီးကြောင့် ကြောက်လန့်သွားကာကိုင်ထားသော ဓာတ်မီးဖြင့်ချုံပုတ်ဆီ
သို့ထိုးကြည့်လိုက်တော့သည်။
မြင်လိုက်ရသည်ကား ချုံပုတ်အတွင်းမှ သူတို့၃ဦးရှိရာသို့ ပြေးထွက်လာသော တစ်ကိုယ်လုံးအနက်ရောင်အမွှေးအမျှင်များဖုံးလွှမ်းကာ
မျက်လုံးနီနီကြီးများဖြင့် သဘက်ကြီးတစ်ကောင်......
' အမယ်လေးဗျ, ဘာ ဘာကောင်ကြီးလဲမသိဘူး, အကိုလေးရေ
ပြေးဗျို့ ပြေး ပြေး '
သုံးဦးသား အထိတ်တလန့်ဖြင့်ဆူညံစွာအော်ဟစ်ရင်းရွာထဲသို့ပြေးဝင်လာကြရာ ထိုအကောင်ကြီးမှာလဲ ၄င်းတို့နှင့်ထပ်ချပ်မကွာပင် တဂီးဂီး အော်လျှက်ပြေးလိုက်နေဆဲ,
အကိုလေးဆိုသူ 'မင်းမောင်'တို့
အိမ်ရှေ့ဝသို့အရောက်မှသာ နောက်မှလိုက်လာသောအသံများပျောက်ချင်းမလှပျောက်ကွယ်သွားတော့သည်။
(2)
' အဖြစ်ကတော့ အဲ့ဒါပဲ အဘတို့ရာ,
နွယ်လေးအဖို့ ရောက်ရောက်
ချင်းဆောက်နဲ့ထွင်း ဆိုတဲ့ကိန်း
ဆိုက်တာပဲ '
'မင်းမောင်'၏စကားဆုံးသည်နှင့်အိမ်ရှေ့ကွပ်ပျစ်၌စုထိုင်နေကြသည့် ရွာ၏မျက်နှာဖုံး အလှူ့ဒါယိကာ ကျောင်းဒါယိကာ သူဌေးကြီး ဦးဘလှ,ရွာ၏ရပ်မိရပ်ဖလူကြီးအချို့အပါအဝင် အကြောင်းစုံသိရှိလိုကြ၍ရောက်လာသည့်ရွာသူရွာသားများအားလုံး အံ့သြထိတ်လန့်မှုကိုယ်စီဖြစ်သွားခဲ့ကြတော့သည်။
' ကဲ, ဦးဘလှ, အရင်ကရွာမှာဒါမျိုးတစ်
ခါမှမကြုံခဲ့မဖြစ်ခဲ့ဖူးဘူးရယ်, ခု
မောင်မင်းမောင်နှင့်မြို့ကဧ
ည့်သည် ဆရာမလေးတို့ရောက်
လာမှခုလိုတွေထူးထူးဆန်းဆန်းကြုံရတာဆိုတော့ကာ ဦးဘလှ
ဘယ်လိုစီစဉ်ချင်သလဲဗျ '
ရွာလူကြီးများထဲမှတစ်ဦးထိုသို့မေးမြန်းလိုက်လေရာ,
' ကျုပ်လဲမတွေးတတ်အောင်ပါပဲဗျာ
ပြီးတော့ ဒီကိစ္စအတွက်ကျုပ်မှာလဲ
အဖြေမရှိဘူး, ဒါမျိုးကိစ္စဆိုတာ
လဲ ကြာကြာမထားကောင်းဘူး
ဆိုတော့ မနက်ကျ ဆရာတော့်ဆီ
အကျိုးအကြောင်းသွားလျှောက်
ကြတာပေါ့, ခုတော့ ကျုပ်ချွေးမ
လောင်းလေးလဲ ခရီးပန်းဒုက္ခ
ကြုံခဲ့ရတာဆိုတော့ အေးဆေး
နားနေပါစေ, အော် မိအေးနှင့်
မြမြ, ညည်းတို့နှစ်ယောက်ဒီည
အိမ်မှာပဲ ငါ့ချွေးမလောင်းလေး
နှင့်အဖော်လာအိပ်ပေးလိုက်
ကြ, အိမ်မှာက ယောက်ျားသား
၃ယောက်တည်းရယ် '
'ဟုတ် ဟုတ်, အဘလှ, စိတ်ချပါ '
'ကဲ ကဲ, အားလုံးလဲပြန်နိုင်ကြပါ
ပြီဗျာ, မနက်ကျတစ်ခေါက်လာခဲ့ကြဗျို့, ဆရာတော့်ဆီသွားရအောင်စို့ '
ရွာသားများအလျှိုလျှိုပြန်သွားကြပြီးနောက်, လူအုပ်ထဲကျန်ခဲ့သည်မှာ မဲနက်ပြောင်လက်နေသော
ဖားပြုတ်ကြီးတစ်ကောင်,
လူရှင်းသွားသည်နှင့်ထိုဖားပြုတ်ကြီးမှာ ဦးဘလှတို့အိမ်နောက်ဖက် ရေကပြင်ဆီသို့ခုန်ဆွခုန်ဆွဖြင့်သွားလျှက် အမှောင်ထဲတိုးဝင်ပျောက်ကွယ်သွားခဲ့သည်ကိုတော့
မည်သူတစ်ဦးတစ်ယောက်မျှသတိမထားမိခဲ့ကြချေ။
ညအချိန်မို့ ဆရာမလေး'ဆုနွယ်အေး'လဲရေချိုးရန်မသင့်တော့သဖြင့် အဖော်ဖြစ်သူ 'မိအေး'အား
ခေါ်ကာ နောက်ဖေးရှိရေကပြင်၌ ခြေလက်ဆေးကိုယ်လက်သန့်စင်နေလေတော့သည်။
ထိုမြင်ကွင်းအား ရေကပြင်၏မနီးမဝေး ဝါးရုံတောထဲမှ သဘက်ကြီးတစ်ကောင်ငြိမ်သက်စွာကြည့်နေပြီး,
' မဖြစ်နိုင်ဘူး, ဒါ လုံးဝမဖြစ်နိုင်
ဘူး, 'ကြည်'... ငါ့ချစ်သူ'ကြည်'က
ငါ့မျက်စိရှေ့တည့်တည့်မှာသေခဲ့
တာပဲ........, ဘာပဲဖြစ်ဖြစ်ကွာ
'ကြည်'မသေခင်ငါ့ကိုပြောခဲ့တာ
ပဲ, သူငါ့ဆီတစ်နေ့ပြန်လာလိမ့်မ
ယ်လို့, ငါ 'ကြည့်'ကိုယုံတယ်,
ဟုတ်တယ်, ဒါ 'ကြည်' ငါ့ဆီပြန်
လာတာပဲ, ဟုတ်တယ်, 'ကြည်' ငါ့ဆီ
ပြန်လာတာ'
ထိုသို့စိတ်ထဲကရေရွတ်နေတော့
သည်။
'ဆရာမလေး, မြန်မြန်တော့, ရွာ
လေကကြမ်းတယ်, ဆရာမလေး
က ဧည့်သည်ဆိုတော့ မတော်ဖျာ
းနာခဲ့ရင် ကိုမင်းမောင်ကြီးနဲ့
အဘလှ ကျုပ်တို့ကိုအသေဆူမှာ'
'ဟား.... ပြီးပါပြီ မအေးရဲ့, အဲ
ကျွန်မ ရေလဲမေ့ခဲ့ပြီ, မအေး
ကျွန်မကို အခန်းထဲကရေလဲတစ်ထ
ည်မြန်မြန်သွားယူပေးပါလား'
'အင်း, ကျုပ်သွားယူလိုက်မယ်'
'မြန်မြန်ပြန်လာနော် မအေး'
ဆရာမလေး ရေပတ်တိုက်နေသည်
ကိုစောင့်နေသော အဖော်ဖြစ်သူ'မိအေး'အိမ်ထဲပြေးဝင်သွားသည်နှင့် ဝါးရုံပင်ထဲရှိသဘက်ကြီး
မှာ,
' အတော်ပဲ, ဒီအချိန်ငါသူ့နားသွား
ပြီး 'ကြည်'ဟုတ်မဟုတ်မေးရမယ်
' ............... '
လေငြိမ်နေရာမှ ရုတ်တရက်လှုပ်ယမ်းသွားသော ကျောနောက်ဘက်ရှိ ဝါးရုံပင်ကြောင့် ဆရာမလေး'ဆုနွယ်အေး'တစ်ယောက်လန့်သွားခဲ့သလို ထူးဆန်းစွာတစ်ကိုယ်လုံးလဲကြက်သီးမွှေးညင်းများထလာလေတော့သည်။
မရဲတရဲဖြင့် အမှောင်ထဲအားစိုက်ကြည့်နေစဉ်,
' ဖတ် '
ရုတ်ရက် ခြေဖမိုးသို့ အေးစက်
စက်အရာတစ်ခုလာထိသဖြင့်ငုံ့ကြည့်လိုက်ရာ,
' အမေ့! ဖားကြီး.... မအေးရေ... '
ခြေဖမိုးပေါ်၌ တစ်ထွာခန့်ရှိအနက်ရောင်ဖားပြုတ်ကြီးတစ်ကောင်တွယ်ကပ်နေသဖြင့်လန့်သွားပြီး အဝေးသို့ခြေဖြင့်ခတ်ထုတ်လိုက်ရာ,
' ဝုန်း..... ' ဆိုသည့်အသံကြီးနှင့်အတူအမှောင်ထဲ၌ ခြံစည်းရိုးများ
ကြိုးသံပျက်သံများဆူညံသွားတော့
သည်။ ထူးဆန်းသည်မှာ ကန်ထုတ်လို
က်သည်မှာ ဖားပြုတ်တစ်ကောင်သာဖြစ်သော်လည်း နွားတစ်ကောင်ပြုတ်ကျသကဲ့သို့.ကြီးမားသောအသံကြီးများ အမှောင်ထဲမှ
ထွက်ပေါ်လာခြင်းဖြစ်သည်။
သူမလဲဆက်မနေရဲတော့ပဲအိမ်ပေါ်သို့အမြန်ပြေးတက်ကာ အခန်းတွင်းသို့တန်းဝင်သွားခဲ့လေတော့သည်။သို့သော် ထိုအဖြစ်အပျက်အားမည်သူ့ကိုမျှမပြောပြဖြစ်လိုက်ချေ။
ပြီးနောက် ချစ်သူ'ကိုမင်းမောင်',ကို
'မင်းမောင်'အဖေတို့နှင့်ထမင်းလက်ဆုံစားရင်းခရီးလဲပန်းလာကြသဖြင့်စောစီးစွာအိပ်ယာ
ဝင်ခဲ့ကြတော့သည်။
ထိုညက..........
' မအေး, မအေး '
ဆရာမလေး'ဆုနွယ်အေး'၏ခပ်တိုးတိုးခေါ်သံကြောင့်,
' ဟမ်!ဆရာမလေး... ဘာလဲ, နောက်
ဖေးသွားချင်လို့လား'
'သွားမလားလို့ပဲ, ခုမသွားချင်တော့
ဘူး, ပြန်အိပ်တော့ မအေး,ရပြီ'
'ဟုတ်, သွားချင်ရင်အချိန်မရွေးနှိုးလို
က်နော်'
'အင်း, နှိုးမယ်'
အမှန်မှာ 'မိအေး'အားသူမလိမ်လည်လိုက်ခြင်းပင်။ အကြောင်းမှာ
သူမအိပ်နေစဉ် အိပ်မက်ထဲ၌သူစိမ်းယောက်ျားတစ်ဦးမှသူ့အား
'ကြည်'ဟု တတွင်တွင်ခေါ်လျှက်မျက်ရည်များစီးကျနေသည်ကိုမက်ခဲ့ရသဖြင့် လန့်နိုးလာခဲ့သော် အမှန်ပင် ရှိုက်သံသဲ့သဲ့ကိုသူမနားနှင့်ဆတ်ဆတ်ကြားခဲ့ရပြန်သည်။
အသံလာရာဆီသို့ကြည့်ကြည့်ရာ ခြင်ထောင်ဘေး၌တစ်စုံတစ်ယောက်ငုတ်တုတ်ထိုင်လျှက် တရှုံ့ရှုံ့ငိုနေသဖြင့် လန့်သွားပြီး မအေး ကိုနှိုးလိုက်သောအခါ ထိုရှိုက်သံကော ထိုသူပါပျောက်ကွယ်သွားသဖြင့် ယခုကဲ့သို့လိမ်လိုက်ခြင်းဖြစ်သည်။
ရန်ကုန်၌ကျောင်းလာတက်ရင်း မေတ္တာ မျှခဲ့သောချစ်သူ'ကိုမင်းမောင်', ကျောင်းပြီး၍ရွာအပြန် ဆွေပြမျိုးပြလိုက်လည်ရင်း လက်ထပ်ပြီးသော် ထိုရွာ၌ပင်စာသင်ရင်းဘ
ဝကိုအေးအေးချမ်းချမ်းကုန်ဆုံးမည်ဟုတွေးထားသော သူမ၏အတွေးကိုလဲ ကြုံတွေ့နေရသည့်ထူးဆန်းသောကိစ္စများကြောင့် တစ်မျိုးပြန်လည်စဉ်းစားရန်ဆုံးဖြတ်ချက်ချရင်းအိပ်စက်ရန်ကြိုးစားလိုက်တော့သည်။
တစ်ညလုံး အိပ်မက်လိုလိုတကယ်လိုလို အမျိုးသားတစ်ဦး၏ရှိုက်သံ,
သူမအား 'ကြည်'ဟူသည့်နာမည်ခေါ်၍ သနားစဖွယ်ငိုနေသောအမျိုးသားတစ်ဦး၏ပုံရိပ်နဲ့ အနီးအနား
၌တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုအသိတို့ဖြင့် ညကနိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့်သာမိုးစင်စင်လင်းခဲ့ရတော့သည်။
(3)
' ဟော, သမီးတောင်နိုးလာပြီကိုး
သားရေ... မောင်မင်းမောင်,
အဆင်သင့်ဖြစ်ရင် ဆရာတော့်
ဆီသွားကြရအောင်, ခြံထဲမှာလဲ
လူစုံနေပြီ '
သို့နှင့် တစုတဝေးကြီးရွာဦးကျောင်းသို့သွားကြတော့သည်။
ကျောင်းသို့အရောက်,
ဆရာတော့်အားအကျိုးအကြောင်းလျှောက်တင်ပြီးသော်,
' အိမ်း! ညထဲက ဘုန်းဘုန်းလဲအိပ်
မက်တစ်ခုမက်တယ်ကွယ့်, အိပ်မက်
ထဲမှာ ကွယ်လွန်သွားတာကြာပြီ
ဖြစ်တဲ့ ဒကာကြီး'မောင်သောင်းဖေ'ရွာကိုပြန်လာတယ်လို့မက်တယ် '
' ..............! '
ဆရာတော့်စကားအဆုံး ရွာသူရွာသားများဆီမှ အာမေဍိတ်သံများဆူ
ညံစွာထွက်ပေါ်လာတော့သည်။ထို
အသံများအားဖုံးလွှမ်းသွားစေသည်မှာ,
' ဟမ်! ထားကြည်, ညီမလေး '
ယခုမှ အခန်းတွင်းသို့ဝင်လာသော ကပ္ပိယကြီးမှ ဆရာမလေး'ဆုနွယ်အေး'အားသေချာစူး
စိုက်ကြည့်ရင်းထိုသို့ခေါ်လိုက်ရာ,
' ဟယ်, ဟုတ်ပါရဲ့, ဒါကြောင့်
ဆရာမလေးကိုရင်း၂နှီး၂မြင်ဖူးပါ
တယ်လို့ကြည့်နေတာ, မထားကြည်နဲ့ အတော်ဆင်တာပဲ'
' ............ '
' ................. '
ဆရာမလေးအားဝိုင်းကြည့်အကဲခတ်ရင်းရွာရှိအကြီးပိုင်းလူကြီး
များထံမှ တီးတိုးစကားသံများထပ်မံထွက်ပေါ်လာပြန်တော့သည်။
' အားလုံးခဏတိတ်ကြပါဦး, ဘုန်း
ဘုန်း ကိစ္စတချို့ကိုခုမှဆက်စပ်မိ
လို့, ဆရာမလေး... ညကအိပ်မက်
ကိုဟိုအရင်ကကော မက်ဖူးလား'
' မမက်ဖူးပါဘူး ဘုရား, ညကမှစမက်
တာပါ, ဒါနဲ့ တပည့်တော် ကိုတစ်
ခုခုရှင်းပြကြပါလား,တပည့်တော်မ နားမလည်နိုင်အောင်ဖြစ်
နေပြီ '
သူမအားကွက်ကြည့်ကွက်ကြည့်လုပ်နေကြသေယရွာသားများနှင့် ညီမလေး'ထားကြည်'ဟုခေါ်ရင်းမျက်ရည်များရစ်ဝဲနေသော ကပ္ပိယကြီးတို့အားကြည့်လျှက်ထိုသို့လျှောက်တင်လိုက်ရာ,
' ဒီလိုကွဲ့, လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဘုန်းကြီးတို့ရွာမှာအရမ်းစိတ်ထိခိုက်ဖို့ကောင်းတဲ့ကိစ္စလေးတစ်ခုရှိခဲ့တယ်, မောင်ထွေးဆိုတဲ့သူရင်းငှါးလေးနဲ့ သူကြီးသမီး
မထားကြည်တို့ချစ်သူနှစ်ယောက်ရှိခဲ့တယ်, မထားကြည်ရဲ့မိဘတွေကသဘောမတူလို့ခိုးပြေးကြရင်း ရွာအဝင်ကုက္ကုလ်ပင်ကြီးအောက်မှာနောက်ကလိုက်လာတဲ့ မထားကြည်ရဲ့အကိုဖြစ်သူတွေကမိသွား
ပြီး မောင်ထွေးနဲ့သတ်ကြပုတ်ကြနဲ့, မထားကြည်ရဲ့ အကိုခုတ်
လိုက်တဲ့ဓားကို မောင်ထွေးမထိအောင် မထားကြည်ကဝင်ကာပေးရင်းနေရာတင်ပွဲချင်းပြီးခဲ့တယ်,
ခုတ်ရာတခြားရှရာတလွဲဖြစ်ပြီးသိပ်ချစ်ရတဲ့ ညီမကိုသတ်မိလို့ ပိုပြီးဒေါသူပုန်ထသွားတဲ့ မထားကြည်ရဲ့
အကို လဲ မောင်ထွေးကိုသဲကြီးမဲကြီးလိုက်ခုတ်တာ, အချစ်ကြီးတဲ့
မောင်ထွေးခမျာ ချစ်သူသေတော့မရှောင်တော့ပဲ မထားကြည်ကိုဖက်ထားလျက်ကပဲ ဓားချက်တွေကိုအခုတ်ခံပြီး အဲ့နေရာတင်ချစ်သူနှစ်ယောက်လုံးအသေဆိုးနဲ့ဇာတ်သိမ်းခဲ့တာပဲကွဲ့, မထားကြည် အကိုလဲသူ့အပြစ်ကြောင့်ထောင်ကျ မိဘတွေလဲ သမီးစိတ်သားစိတ်နဲ့
လုံးပါးပါးပြီးရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ကုန်ကြတာပါပဲကွယ်,
ပိုင်ဆိုင်သမျှစည်းစိမ်အားလုံးကိုလဲ
ဆရာတော့်ဆီအကုန်လှူခဲ့တယ်,
မထားကြည်ရဲ့အကိုဆိုတာတခြားမဟုတ်ဘူးကွဲ့, ဟိုမှာရပ်နေတဲ့ ကပ္ပိယကြီး'စံထား'ပဲ, ဥပဒေကပေးတဲ့အပြစ်ကိုခံပြီး ၇ွာရောက်တော့သူ့အမှားတွေအတွက်နောင်တလဲရပြီး ခုလို ဆရာတော့်ကျောင်းမှာ ဝေယာဝစ္စလုပ်,တရားနာ
နဲ့ နေခဲ့တာပေါ့ကွယ်,ဆရာမလေးရဲ့မျက်နှာက မထားကြည်နဲ့ခွဲမရအောင်တူနေကြတော့ အားလုံးကအံ့အားသင့်နေကြတာ,ဒီကိစ္စတွေဖြစ်ပေါ်လာရတာလဲဒါကြောင့်ပဲလို့ထင်တယ်'
ဆရာတော်ပြောပြသောကြေကွဲဖွယ်ဇာတ်လမ်းအဆုံး ဆရာမလေး'ဆုနွယ်အေး'တစ်ယောက် ရင်ထဲဆို့နင့်တက်သွားကာမျက်ရည်များလည်းပိုးပိုးပေါက်ပေါက်ကျလာလေတော့သည်။ယခုလိုခံစားရ၍ငိုမိရခြင်းမှာထူးဆန်းမှန်းသိသော်လည်း အကြောင်းအရာခိုင်ခိုင်လုံလုံကိုသူမကိုယ်တိုင်မသိပေ။
' ဆိုတော့ ဘုန်းဘုန်းတစ်ခုလော
က် မေတ္တာရပ်ခံချင်တာက ဆရာမေ
လး ရန်ကုန်ကိုဒီနေ့ပဲပြန်ပေးလို့ရမလား, မောင်ထွေးအတွက်
အဆင်ပြေအောင်စီစဉ်စရာရှိတာစီစဉ်ဆောင်ရွက်ပြီးမှ တစ်ခေါက်
ပြန်လာပေါ့ကွယ်'
'တင်ပါ့ဘုရား, တပည့်တော်လဲ
ဒီနေ့ပဲပြန်ဖို့ ကိုမင်းမောင်နဲ့
တိုင်ပင်ပြီးပါပြီ'
----------------------------------------------------------
ဖုန်တထောင်းထောင်းထနေသော ရွာဝင်လှည်းလမ်းမတစ်လျှောက် ပြေးလွှားထွက်ခွါသွားလျှက်ရှိသော နွားလှည်းလေးပေါ်ဝယ် ဆရာမလေး'ဆုနွယ်အေး'
နဲ့ ချစ်သူ၏အပြန်ခရီးအားလိုက်ပါပို့ဆောင်ပေးသော'မင်းမောင်'
မနေ့ညကကြုံခဲ့ရသော.ကုက္ကိုပင်ကြီးအောက်သို့အရောက် 'ဆုနွယ်အေး'၏စိတ်များလေးလံလာသလိုခံစားရပြီး ထူးဆန်းစွာငိုချင်စိတ်ကိုလဲတားဆီးမရသဖြင့် ချစ်သူ
ရင်ခွင်ထဲခေါင်းတိုးလျှက်ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။
ထိုအခိုက်,
' ကြည်, ကြည်ရေ.... ကိုယ့်ကို
ထပ်ပြီးခွဲမသွားပါနဲ့နော်.... '
နားထဲသို့ ပီပြင်စွာဖြင့်ခပ်တိုးတို
ကြားလိုက်ရသော သနားစဖွယ်
စကားသံလေးကြောင့် နောက်သို့ကြည့်ကြည့်ရာ,
လှည်းနောက်မှ ခုန်ဆွ ခုန်ဆွဖြင့်
လိုက်ပါလာသော အနက်ရောင်ဖား
တစ်ကောင်အားထူးဆန်းစွာတွေ့ရပေသည်။
ထူးဆန်းစွာကြည့်နေမိရာ ကျိန်းစပ်သွားသောအမြင်တို့ကြောင့်, လှည်းမှာရွာပြင်သို့ရောက်၍
အရိပ်များလဲကင်းမဲ့ကာပူပြင်းသောနေမင်း၏ဒဏ်ကြောင့်မှန်းသိရပေတော့သည်။
နံဘေးရှိ ချစ်သူ မိုးပေးသောထီးအရိပ်ကြောင့် သက်သာရာရသော်လည်း ခုနကဖားကြီးအားသတိရသွားသဖြင့် ကြည့်လိုက်ရာ,
ပူပြင်းသော နေ၏ဒဏ်ကြောင့်လား, နေဒဏ်မခံနိုင်သော နာနာ
ဘာဝဖြစ်၍ကြောင့်လားမသိ။
ခပ်ဝေးဝေးမှ ယက်ကန်ယက်ကန်ဖြင့်လေးပင်စွာလိုက်လာရင်း မီးလောင်ကျွမ်းနေသကဲ့သို့ နီရဲလျှက်မီးခိုးငွေ့များပင်ထွက်နေတော့ရာ ထိုမြင်ကွင်းအားဆက်မကြည့်ရက်တော့သဖြင့်,
' ကိုစိန်မြင့်, လှည်းခဏရပ်ပေးပါ
ဦးရှင် '
လှည်းရပ်သွားသည်နှင့်ကပျာကယာခုန်ဆင်းရင်း ထိုနေရာသို့အပြေးသွားကာ အနားသို့ရောက်သော် မီးကျွမ်းနေပြီဖြစ်သောဖားပြုတ်ကြီးအား လက်၌ပွေ့ယူလိုက်ချိန်,
' ကြည်, ကိုယ်ဝမ်းသာလိုက်တာကွ
ယ်, ကြည် ကိုယ့်ဆီတကယ်ပြန်
လာတယ်နော်, ကြည် တစ်နေ့
ပြန်လာမယ်မှန်းသိလို့ ဒီကုက္ကုပင်
ကြီးမှာပဲ ကြည့် အလာကို ကိုယ်
မျှော်နေခဲ့တာ, ခု ကိုယ့် ဆန္ဒေ
တွပြည့်ဝခဲ့ပြီ ကြည်, ကိုယ်
သွားတော့မယ်နော် '
မီးလောင်ကျွမ်းနေသော်လည်း ထူးဆန်းစွာ ဖားပြုတ်ကြီး၏မျက်လုံးများမှာတော့ တောက်ပလျှက်ရှိပြီး အရောင်တလက်လက်တောက်နေကာ သူမအားစိုက်ကြည့်၍မျက်ရည်များကျနေသကဲ့သို့, ထို့ပြင်
ခုန စကားများမှာလဲသူမ၏အကြားအာရုံထဲ၌ထူးဆန်းစွာကြားနေရပြီး စကားဆုံးသည်နှင့် ဖားပြုတ်ကြီးလဲ သူမလက်ထဲ၌ပင်ပြာကျကာအမှုန်အမွှားများအဖြစ်ဖြင့်အဝေးသို့လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။
' နွယ်, ကားအချိန်မမီဘဲဖြစ်နေပါ့
မယ်ကွယ်, လာပါ ဆက်သွားကြရ
အောင်နော် '
စီးကျလာသော မျက်ရည်များအားလက်ဖမိုးဖြင့်သိမ်းလိုက်ပြီး လာခေါ်သောချစ်သူအားပြုံးပြလျှက်နွားလှည်းရှိရာသို့ဆက်ထွက်ခဲ့တော့သည်။
စိတ်ထဲမှနေ၍လဲ.......
' ကိုမောင်ထွေးနဲ့မထားကြည်တို့နှစ်ယောက် ဘဝဆက်တိုင်းခုလိုအဖြစ်ဆိုးကြီးနဲ့ဝေးပါစေရှင်,
ဝဍ်ကြွေးတွေဆိုလဲ ဒီဘဝဒီမျှနဲ့ပဲ
ကြေပါစေတော့လို့ နွယ် ဆု
တောင်းပေးခဲ့ပါတယ်..............
The End

Comments
Post a Comment