ညဘက်အစာထွက်ရှာတဲ့စုန်းမ အပိုင်း-၂ဇာတ်သိမ်း

,!ငါသေချာသော့ခတ်ထားတာကို ဘယ်သူတောင်းစားက
လာစားသွားသလဲကွာ!တောက်! ပြောနေလဲအပိုပဲတွေ့မယ်ညမှ.....
အဲ့ဒါနဲ့ မိုးဇော် တစ်ယောက် လယ်တောအတွက်ချက်ထားသော
ဟင်းမရှိတော့တာကြောင့် လက်ဗလာနဲ့ လယ်တောရောက်သွားတော့
ဖိုးစံကြီးက !ဟေ့ကောင် ဟင်းဘာလို့မပါလာတာလဲ ဒီမှာဘာဟင်းမှမရှိလို့
ခိုင်းကာမှ .....အတိတ်မေ့သလိုရွှေပျောက်သလိုနဲ့....မင်းတို့အရက်မြည်းလိုက်တာမလား!
မဟုတ်ပါဘူး အဖေကလဲသူဟာသူပျောက်သွားတာ  ဘယ်သူစားမှန်းကိုသိဘူး....!အေးပါကြပ်ကြပ်သတိထား မိုးဇော်!...
မိုးဇော်တစ်ယောက်ဘာမှပြန်မပြောနိုင် !တွေ့မယ်ငိုးမစုန်းမ!...အသံတိုးတိုးနဲ့
......ဟေ့ကောင်ဘယ်သူ့ကိုပြောတာလဲ....အဖေ့ကို...ဘာ!!!
မဟုတ်ဘူးပါဘူး သူများကိုပြောတာပါအဖေကလဲ ဒေါသကြီးပဲ
ကြပ်ကြပ်သတိထားမိုးဇော် .....သွားပြန်အိမ်မှာလုပ်စရာရှိတာသွားလုပ်တော့
ဟုပ်အဖေ မိုးဇော်တစ်ယောက်ပြန်ရောက်တော့မိုးချုပ်လုနီးပြီ
တာတေအိမ်ကို ဝင်ရင်း!ဟေ့ကောင်တာတေ!ဘာတုန်းကိုမိုးဇော်ရ
အေရေချိုးပြီးငါအိမ်ဘက်လာခဲ့ဦးညီလေး ဟုပ်ကိုမိုးဇော်
ည၇နာရီလောက် ရောက်တော့ တာတေတစ်ယောက်
ဗျို့ကိုမိုးဇော် အေး !တာတေလာခဲ့ဦး !... ပြောဘာကိစ္စတုန်း
အင်ဒီလိုကွ မနေ့ညက ငါ မင်းတို့နဲ့ အရက်သောက်ပြီးပြန်အိမ်ပြန်အိပ်တယ်ကွာ
ငါလဲမူးလို့ရောက်တာနဲ့ဘယ်လိုအိပ်သွားလဲကိုမသိဘူးမနက်ရောက်တော့
ငါ့လယ်တောအတွက်ချက်ထားတဲ့ဟင်းတွေ ဘယ်ရောက်ကုန်လဲမသိဘူး
အရိုးပဲကျန်တယ် အဲ့ဒါငါ့အထင်မကောင်းဆိုးဝါးတစ်ကောင်ကောင်စားသွားတာလားမသိဘူး
ဟုပ်လို့လား အကိုရ အကိုက သေချာသိမ်းထားလို့လား ....အေးငါသေချာသော့ခတ်ထားတာကွ
......ထားပါ လာ ရွာထိပ်ကအရက်ဆိုင်မှာအရက်သွားဝယ်ရအောင်
တာတေနဲ့မိုးဇော်ကတော့ အရက်ဝယ်ပြီးမိုးဇော်ရဲ့အိမ်ရောက်လာတော့
,!လာတာတေညီ! အရက်သောက်ဖို့ပြင်ပြီးနှစ်ယောက်သား ဖယောင်တိုင်မီးအောက်
စကားပြောဆွေးနွေးကြရင်း အေ့ တာတေ...ရေ မင်းဒီညတော့ငါအိမ်မှာအိပ်တော့
ငါပြောသလိုပဲည၁၂နာရီထိ ဒီကောင်လာတဲ့အထိစောင့်ရတာပေါ့ကွဟဲဟဲ!
အမဲသားအစိမ်းကို အရင်ကြက်သားပျောက်သောနေရာမှာပဲ
ငါထားထားတယ် တာတေ....ည၁၁လောက်ရောက်ရင်ငါတို့မီးမှိတ်ပြီးအိပ်
ချင်ယောင်ဆောင်နေမယ်နော် !,,အေးပါကိုမိုးရ အားလုံးစီစဉ်ထားပါတယ်
ည၁၂နာရီထိုးခါနီးတော့မီးဖိုချောင်နားကမီးမိန်မိန် လေးလင်းနေ
တာတေက အနောက်ပေါက်နားကနေအသံတိတ်ဖြင့်စောင့်နေသည်
လက်ထဲကလေးခွကိုင်ထားသဖြင့်လာခဲ့ရင်တော့ တွေ့မယ်ပေါ့
စုန်းမကတော့အမဲသားအစိမ်းကိုပဲ အာရုံရနေပြီးအားရပါးရကိုက်ဆွဲစားနေချိန်
မိုးဇော်ကပုဆိုးကတောင်းကြိုက်ပီး အရှေ့ပေါက်ကအသာလေးဝင်လိုက်သည်
ရုတ်တရက် မိုးဇော်ခြေထောက်က ကြောင်စာပန်းကန်တက်နင်းမိသဖြင်!ခွက်လမ်း!
စားနောသောစုန်းမ လန့်ပြီးအနောက်ပေါက်က်အထွက် တာတေလဲ
ကြောက်အားလန့်အားနဲ့လေးခွလက်စွမ်းပြလေတော့စုန်းမကိုတော့မှန်သလား
မမှန်လားမသိ မိုးဇော်နှဖူးကိုတော့တစ်ချက် ထိသွားသည်
!အောက်မလေးဗျ ! အဲ့ဒါနဲ့ပဲစုန်းမကိုမဖမ်းမိလိုက်
မနက်မိုးလင်းတော့မိုးဇော် နဖူးက အာလူးသီးကြီးဖူးထွက်နေလေသည်
မနက်ကို တာတေနဲ့တွေ့တော့နှစ်ယောက်သား .....!ကိုမိုး အခြေအနေ!
မြင်တဲ့အတိုင်းပဲ မင်းလက်ချက်လေတာတေ ကျွန်တော်လဲ၎ချက်၅ချက်လောက်ဆင့်ပြီး
ဆော်လိုက်တာစုံးမတော့အီသွားမှာပဲ !ငိုးမ !စုန်းမတော့မသိဘူးငါတော့အီပြီ
ဆောရီး ဟဲဟဲ.......အဲ့ဒါနဲ့ လက်ဖက်ရည်သောက်သွားတော့
လက်ဖက်ရည်ဆိုင်ဘေးနားက အသက်၄၅အရွယ်ခန့်ရှိဒေါ်မြညိုတစ်ယောက်
လည်း နဖူးမှာအာလူးဘူးသီးလို ဘုကြီးထွက်နေတာတွေ့တာပေါ့
ဖြစ်တာမကြာသေးတဲ့ပုံစံမျိုး လတ်လတ်ဆတဆတ်ပေါ့
တာတေကစပ်စပ်စုစု!! ဗျို့ဒေါ်မြညို ခများရဲ့နှဖူးကဘာဖြစ်တာတုန်း !!
ဒေါ်မြညိုမျက်နှာပျက်သွားပုံကိုမိုးဇော်ကသိလို့ တာတေပြောနေတာကို
လမ်းပိတ်လိုက်တယ် ဒေါ်မြညိုလဲဘာမှပြန်မပြောပဲ မသိသလိုနေနေပြီ
နောက်တော့
တာတေရဲ့လေးခွကြောင့်လားမသိ ဟင်းချက်ထားတာတွေဆိုမပျောက်တော့ပါဘူး
The End........

Comments