ဗုံးကျင်းဟောင်းက သရဲခေါင်းပြတ်
(အစ-အဆုံး)
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ၊ တောင်ပေါ်ရွာလေးတစ်ရွာ
ကချင်ရွာလေးပါ၊ ရွာကျောင်းက ဆရာဝန်ထမ်းအင်အားနည်းတော့
ကျွန်တော်လဲဆယ်တန်းအောင်စဆိုတော့၊ ကျောင်းအုပ်က
ကျောင်းစာသင်ပေးဖို့အကူအညီတောင်းတာနဲ့
ကျွန်တော်လဲ ရွာအတွက်ဆိုတော့
အလုပ်ကမရှိ အားလဲအားနေတော့ လုပ်ရတော့တာပေါ့
ကျောင်းဖွင့်ပြီး၂လလောက်တော့ ကျန်းမာရးဌာနက
ကြည့်ကြပ်အကိုတစ်ယောက် တာဝန်ကျပြီး ရောက်လာတယ်
ပျော်တာပေါ့ ရွာမှာက ကို့အရွယ်တွေကခပ်ရှားရှား
အိမ်ခြေ ၃ ၊ ၄ဆယ်လောက်ပဲရှိတဲ့ရွာလေးဆိုတော့
ဒီလိုနဲ့ ကျန်းမာရေးက အကိုနဲ့ခင်သွားသည်
ကျွန်တော်က ကျောင်းမှာစာသင်ပြီးရင် ညနေပိုင်းဆို
ရွာထဲ ကြည့်ကြပ်အကိုနဲ့ခြင်းခတ်ကြ ဘောကန်ကြပေါ့
ရွာထဲကကျွန်တော့်တပည့်တွေကလဲ ကျွန်တော်နဲ့ဆိုဆရာလိုလဲ
ရိုသေကြတယ် သူငယ်ချင်းပေါင်းလဲပေါင်းကြတယ်
ဘော့လုံးကန်လဲသူတို့နဲ့ပဲ ပျော်စရာတော့ကောင်းပါတယ်
အဲ့လိုနဲ့ မိုးရာသီကနက်လာပြီလေ
မိုးသဲကြီးမဲကြီးရွာတော့ ရွာတံတားတောင်ရေလွမ်းသွားတယ်
ကျောင်သားအငယ်လေးတွေကို သူတို့ မိဘတွေကိုယ်တိုင်
ကျောင်းလာပို့ပေးရတယ် လေမိုးကရွာလိုက်ရပ်လိုက်ပါပဲ
နောက်တော့ ညနေအချိန်ပိုသင်ပြီး
ညဘက် မိုးလေးကဖွဲဖွဲရွာနေချိန်ကြည့်ကြပ်အကိုက
!ဗျို့ကျောင်းဆရာ!လာသွားမယ်ဘီယာတွေဝယ်ခဲ့တယ်
ကျောင်းဆရာကိုလာခေါ်တာ
,!ခဏလေးကိုကျော်! အေးလုပ်ပါ ဖြေးဖြေး ရပါတယ်
ဒါနဲ့နှစ်ယောက်သား သူ့အဆောင်မှာဘီယာသောက်ပြီး
ည၉နာရီလောက်ရောက်တော့ ကိုကျော်က
,!ကျောင်းဆရာဖားသွားရိုက်မလား.....
ဒီကလူကလဲ ....ပျင်းနေတော့.....သွားတာပေါ့....
အဲ့ဒါနဲ့ ဓားရှည်တစ်လက် ကောက်လွယ် ၃လုံးထိုးဓာတ်မီးပါယူခဲ့ပြီ
ဘောလုံးကန်ဘောင်းဘီတိုနဲ့ နှစ်ယောက်သား
မူးတူးတူးနဲ့ဆိုတော့ မိုးရွာတာကိုမမူတော့ဘူးလေ
.....ကျောင်းဆရာရလား ....ရပါတယ်....အေးဆေး......
ပထမတော့ ဖားရိုက်တာရွာနားမှာပဲ နောက်တော့ အားမရတာနဲ့
တောစပ်နားရောက်သွားခဲ့တယ် ....ဆရာကျော် ဖားကဒီဘက်ကသိပ်မများသေးဘူး...
......ဟိုဘက်က...ပိုများမယ်ထင်တယ်....အသံတွေပိုဆူနေတယ်...
အဲ့ဒါနဲ့ ဖားအော်သံပိုကြားရတဲ့နေရာကိုခရီးဆက်ကြရော
နောက်တော့အင်းတစ်ခုတွေ့ရော .....တောထဲမှာဘာလို့
အင်းဖြစ်နေတာတုန်းကျောင်းဆရာ.....
...ဂျပန်ခေါတ်ကဗုံးကျင်းကြီးနေမှာ...ကိုကျော်....
အင်း လို့သာပြောတာ ဖားက မတွေ့ အသံပဲကြားနေရတယ်
ရွာနားမှာတောင်ပေါသေးတယ်...ကိုကျော်...
......အဲ့ဒါဆိုလဲပြန်ကြတာပေါ့ကွာ...
အသံကသိပ်ဆိပ်နေတာပဲ လေကတစ်ချက်တစ်ချက်တိုက်လိုက်တာ
ကြက်သီးတွေထသွားတယ် နာရီကြည့်လိုက်တော့ည၁၂နာရီကျော်သွားပြီ
ကျွန်တော်လဲဖားသီထားသောကြိုလေးကိုင်ပြီးနောက်ကလိုက်လာတယ်
ကိုကျော်က အရှေ့မှာတော်တော်တောင်လှမ်းသွားပြီ
ရွားနားကရိုက်လာတာ ဖားကြီးတွေတော်တော်များတယ်
အင်းဘက်မှာတော့အသံပဲကြားရတယ်တစ်ကောင်မှမရ
ကိုကျော်ကအရှေ့ကနေ သွားတာတော်တော် ဝေးနေပြီ
ကျွန်တော်ကနောက်ကနေ ခက်သွက်သွက်
ဓာတ်မီးထိုးပြီးလိုက်လာတာ မီးရောင်အောက်အရိပ်က ၂ခုဖြစ်နေတယ်
နောက်တော့ မဲမဲအရိပ်ကနောက်လိုက်လာတယ်ဆိုတာသိလိုက်တယ်
ကိုကျော်ကိုလှမ်းမပြောသေးဘူး အရိပ်ကိုပဲဘာလုပ်သလဲ
အနောက်ကိုပဲလှည့်ကြည့်လိုက်ရမလားစဉ်းစားနေတာ
ဘာဖြစ်ဖြစ်ကွာဆိုပြီးကြည့်လိုက်တော့
ကိုယ်ကောင်မရှိပဲ ခေါင်းကြီးလေးထဲမှာလိုက်လာတယ်
ဂျပန်တွေဆောင်းခဲ့တဲ့ဦထုပ်မျိုးနဲ့
ကျွန်တော်လဲ လက်ထဲကဓားနဲ့
လန့်ပြီးခုတ်လိုက်တော့ ဘယ်ကိုပျောက်သွားသလဲမသိ
....ဘာဖြစ်တာတုန်းကျောင်းဆရာ....အရှေ့ကကိုကျော်က အော်တော့
ဘာမှမဖြစ်ပါဘူးနောက်မှပြောပြမယ်ဆိုပြီးခက်သွက်သွက်ခြေလမ်းဖြင့်
လက်ထဲကဖားတွဲကိုကြည့်လိုက်တော့
ဖားတွေတစ်ကောင်မှမကျန်တော့ဘူး........The End.....

Comments
Post a Comment