ညဘက်အစာထွက်ရှာတဲ့စုန်းမ အပိုင်း- ၁

စုန်းကိုတော့ လူတော်တော်များများ သိကြပါတယ်
စုန်းဆိုတာ သေလူမဟုပ်ပဲ ကျွန်တော်တို့လို့ သာမန်
သွားလာလုပ်ရှားနေတဲ့ လူးသားတစ်မျိုးပါ
သူတို့ဟာ နေဘက်ကို လူရဲ့အသိစိတ်ရှိပြီး ညဘက်ဆို
စုန်းအတတ်ပညာဖြင့် သွားလာတတ်ကြပါတယ်
ရွာတစ်ရွာမှာစုန်း တစ်အိမ်တော့ရှိပြီးသားပါ

မိုးဇော်တစ်ယောက် မနက်ဖန် လယ်တော အတွက်
ကြက်သားများကိုခုတ်ထစ်ပြီး ကျကျနန ချက်နေသည်
မနက်ဖန်ဆို စပါးရိတ်အဲရတော့မှာလေ
ကိုမိုးက အိမ်မှာသားကြီးတစ်ယောက်ပါ
သူ့အမေကောအဖေကပါလယ်တောမှာဆိုတော့
အိမ်မှာကသူတစ်ယောက်ထဲ ညီတွေကလဲ
လယ်စောင့်ရတော့သူတာဝန်က အိမ်စောင့်
ချက်ပြုတ်ရင်း ခဏကြာတော့
တာတေ တစ်ယောက် ရောက်ချလာပီး.......! ကိုမိုးဇော်!
ဘာလုပ်နေတာလဲဗျ ....!ဟင်းချက် နေတယ်ဗျို့!
လာသွားမယ် အရက်သောက်ကိုမိုးဇော်.....အေးဒါပီးရင်လိုက်လာမယ်တာတေရေ.....
ဟင်းချက်ပြီတော့ ဟင်းတွေကိုကျကျနန သိမ်းဆည်းထားလိုက်တယ်
တာတေတော့မစောင့်နိုင်တော့ဘူးထင်တယ်
ထွက်သွားလိုက်ပီ အိမ်သော့ခတ်ပီတော့
အရက်သောက်ချင်စိတ်နဲ့မိုးဇော်တစ်ယောက် ခတ်သွက်သွက်ထွက်လာခဲ့သည်
အရက်ဆိုင်ရောက်တော့ လူတော်တော်စုံနေပြီကော
....ကိုမိုးလာ ....ကစ်ရအောင်...အေးကစ်မယ်
မထိုင်နိုင်သေးအရက်တစ်ခွက်ကို မောသောက်ရင်း
......ဒါနဲ့ငမျိုးမင်းတို့လယ်ဘယ်ခါရိတ်မှာလဲ.....
မနက်ဖန်ပဲဗျ,!အေး အဲ့ဒါဆိုငါမလာနိုင်တော့ဘူးကွာ.....
ငါတို့လဲမနက်ဖန်ရိတ်ဖို့လုပ်နေတာ အဲဖို့တောင်ဟင်းလုပ်ထားပီ
......ရပါတယ်ကိုမိုးကလဲ ...ဒီလိုနဲ့ မိုးဇော်တို့အရက်သောက်ရင်းစကားပြောရင်း
ညနက်လာပြီ !တာတေ!ငါပြန်တော့မယ် ဟုတ် ကိုမိုး ဖြေးဖြေး.....
လသာတော့ဓာတ်မီတောင်မယူခဲ့ဘူး !ရွှေလရယ်သာ!......အာလေးလျှာလေးအသံဖြင့်ကိုမိုး
တစ်ယောက်စံချိန်ကိုက်နေပြီထင်ပါရဲ့ မူးနေတော့ညကို
ကိုမိုးစောစောအိပ်လိုက်တယ် မိုးလင်းသွားတော့
မနက်ကိုလယ်တောသွားဖို့ပြင်ဆင်ရင်း
ချက်ထားတဲ့ ကြက်သားဟင်းသွားကြည့်တော့
အရိုးပဲကျန်တယ် ပြောင်နေတာပဲ ကိုမိုးခေါင်းကြီးသွားပီ
.....!ငါသေသေချာချာသိမ်းထားတာ သိမ်းတာတောင်ကြောင်အိမ်ထဲ
သော့သေချာခတ်ထားတာပါ ပြီးတော့ အိမ်ကိုလဲသေချာသော့ခက်ထားတာပါ
မူးနေလို့ပါလို့ပြောရအောင်လဲ အိမ်သိမ်းသော့ခတ်ပြီးမှထွက်လာတာပါ...

ဆက်ရန်....

Comments