(စ/ဆုံး) (1) ----------------°°°°°°°°°°°°°°-------------------- အချိန်ကား နေဝင်ရီတရော နွားရိုင်းသွင်းချိန်ဖြစ်ပြီး နေ၏အလင်းရောင် လုံးဝပျောက်ကွယ်သွားရန်သိပ်မလိုတော့သောအချိန်...... ကောင်းကင်၌ကြယ်စုကြယ်ဝေးလေးများ ထွက်ပေါ်လာပြီးသော် လမင်းကြီးမှာလဲသူ့အချိန်အခါသို့ကျရောက်ပြီမို့အစွမ်းကုန်ထိန်လင်းဖို့တာဆူနေသည့်သကာလ, ရွာဝင်လှည်းလမ်းကြောင်းအတိုင်း ချူသံတလွင်လွင်ဖြင့်လှုပ်လီလှုပ်လဲ့ပြေးလာနေသော နွားလှည်းတစ်စီး..... ထိုနွားလှည်းလေးမှာ တစ်ခုသော ကုက္ကိုပင်ကြီးအောက်သို့အရောက်, 'ဟဲ့ နွား, ဟဲ့ ငညိုနဲ့တိမ်ပြာ, ဟဲ့ ပြေးစမ်းပါဟ ကောင်တွေရ, တယ်လေ, ပေကပ်ကပ်နဲ့.ကဲဟာ.' နွားနှစ်ကောင်မှာထို ကုက္ကိုပင်ကြီးအောက်သို့အရောက်တုံ့ကနဲ ရပ်နေကြပြီး ကြိမ်ဒဏ်'တရွှမ်းရွှမ်း'အားပေခံရင်းထူးဆန်းစွာဖြင့်တုပ်တုပ်မျှမလှုပ်ပဲရပ်နေကြတော့သည်။ လှည်းပေါ်ပါလာသူလူလတ်ပိုင်း အမ်ျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ် ဦးအနက် အမျိုးသားဖြစ်သူမှ နွားလှည်းမောင်းသူအား..... ' ကိုစိန်မြင့်, ဘာဖြစ်တာလဲ...